Friend Oh Friend (2)
မိတ်ဆွေတစ်ရာ ရှိရင် နည်းသေးသတဲ့။
ရန်သူတစ်ယောက်ရှိ များလွန်းသတဲ့။
နည်းနည်း ဖြည့်စွက်ပါရစေ။
မိတ်ဆွေယောင် တစ်ယောက်ရှိ ငါးပါး မှောက်ဖို့သာပြင်။
တို့တတွေသည် Forward Mail များကို အသုံးမချတတ်သေး။ (အသုံးချတတ်သူ နမူနာ ကြည့်ရန် ဤ လင့်ခ်ကို Click နှိပ်)
အင်တာနက်ဆိုတာသည် Forward Mail ဖတ်ရန်နှင့်
Chat လုပ်ရန် ဆိုသည်ထက် ပိုသည့် အတွေးအမြင် မရှိတတ်သေး။
ဤ ဘလော့ဂ်ပို့စ်သည် Foword Mail တစ်စောင်ကို အမြင်ကပ်၍ ဖြစ်ပေါ်လာကြောင်း ဝန်ခံအပ်၏။
မူရင်းရေးသားသူကို ဤသို့ရှာဖွေမိ၏။ (အပြည့်အစုံ ဒုက္ခခံလိုသော် Click နှိပ်၍ ကြည့်ကြပါကုန်)
မည်သူ မူရင်းရေးသားသည်ကို အချိန်ပေး မစိစစ်နိုင်သောကြောင့် အပ်ကျ မတ်ကျ မပြောတတ်။
Bold and Italic စာလုံးများသည် ကျွန်ုပ်၏ အာဘော်များ ဖြစ်ကြကုန်၏။
သာမန် သူငယ်ချင်းတယောက်က သင်ငိုတာကို မမြင်ဖူးဘူး။
အစစ်အမှန် သူငယ်ချင်းတယောက်က သင်ငိုဖို့အတွက် သူ့ပုခုံးကို ငှားပေးတယ်။
ပုခုံးမှသည်...။
သာမန် သူငယ်ချင်းတယောက်က သင့်မိဘနာမည်တွေကို မသိဘူး။
အစစ်အမှန် သူငယ်ချင်းတယောက်က သင့်မိဘ ဖုန်းနံပါတ်ကို သူ့စာအုပ်မှာ
ကူးထားတတ်တယ်။
စနစ်တကျ ကြံစည်စရာရှိရင် အထောက်အထား ခိုင်လုံတာပေါ့။
သာမန် သူငယ်ချင်းတယောက်က သင့်ပြဿနာကို ဆွေးနွေးမယ်။
အစစ်အမှန် သူငယ်ချင်းတယောက်က သင့်ပြဿနာကို ဖြေရှင်းကူမယ်။
ရှေ့နေကူမှ...။
သာမန် သူငယ်ချင်းတယောက်က သင့်ပါတီမှာ ၀ိုင်တပုလင်း ယူလာလိမ့်မယ်။
အစစ်အမှန် သူငယ်ချင်းတယောက်က သင့်ပါတီ မစခင်ကတည်းက လာကူပြီး ပွဲပြီးမှ
ပြန်တတ်တယ်။
အားလုံးမှောက်နေတဲ့အချိန်မှာ ယူတတ်တဲ့သူတွေအတွက် ရစရာတွေ တပုံကြီး။
သာမန် သူငယ်ချင်းတယောက်က သူအိပ်နေချိန်မှာ သင်ဖုန်းဆက်တာကို စိတ်ဆိုးမယ်။
အစစ်အမှန် သူငယ်ချင်းတယောက်က သင်ဘာဖြစ်လို့ အခုမှ ဖုန်းဆက်ရသလဲလို့ စိတ်ပူမယ်။
ဖုန်းကို ဇိမ်ခံပစ္စည်းလို၊ အပျင်းပြေ ပြောစရာ ပစ္စည်းလို သုံးတတ်တဲ့ တို့လူမျိုးတွေအတွက် စိတ်ပူစရာချည်းပါပဲ။
သာမန် သူငယ်ချင်းတယောက်က သင့်စိတ်ကူး အချစ်ဇာတ်ကို စပ်စုမယ်။
အစစ်အမှန် သူငယ်ချင်းတယောက်က သင့်စိတ်ကူးကို ထုတ်ဖော်ပြောခိုင်းမယ်။
စပ်စု၊ စစ်ဆေး၊ စစ်စိ၊ စုံစမ်း။
သာမန် သူငယ်ချင်းတယောက်က သင့်အိမ်လာလည်ရင် ဧည့်သည်လိုနေမယ်။
အစစ်အမှန် သူငယ်ချင်းတယောက်က သင့်အိမ်လာလည်ရင် ရေခဲ သေတ္တာကို
သူကိုယ်တိုင် ဖွင့်မယ်။
မနေ့က ငါစားမလို့ ချန်ထားတဲ့ ဘဲနဲ့ ကြက်တွေ ဘယ်ရောက်သွားလဲ။
သာမန် သူငယ်ချင်းတယောက်က သင်နဲ့ ကတောက်ကဆတ်ဖြစ်ပြီး သူငယ်ချင်း အဖြစ်ကနေ
ရပ်စဲမယ်။
အစစ်အမှန် သူငယ်ချင်းတယောက်က သင်နဲ့ ကတောက်ကဆတ် မဖြစ်ရင်
သူငယ်ချင်း မစစ်ဘူးလို့ ထင်မယ်။
ရန်ဖြစ်၊ ပြန်ချစ်၊ တဖန်ညစ်။
သာမန် သူငယ်ချင်း တယောက်က သူ့အနားမှာ သင်အမြဲရှိနေတာကို လိုလားတယ်။
အစစ်အမှန် သူငယ်ချင်းတယောက်က သင့်အနားမှာ သူအမြဲရှိနေတာကို လိုလားတယ်။
ဒီကောင့်မှာ ဘာခွင်တွေ ရှိမလဲ။
လောကကြီးတွင်လူတစ်မျိုးရှိသည်.....
တခြားလူ မသိသော ကိုယ်၏လျှို့ဝှက်ချက်များကို သူသိသည်။ (အန္တရာယ် အရမ်းကြီး။ မဟော်သဓာက လျှို့ဝှက်အပ်တဲ့ အရာကို ဘယ်သူမှ မသိစေနဲ့တဲ့။)
ကိုယ်စာမရသောအချိန်တွင် ရှင်းပြတတ်ပြီး ကိုယ်အမှား လုပ်မိသောအချိန်တွင်
ကိုယ့်ဘက်မှရပ်တည်ပြီး ၀န်ခံပေးတတ်သည်။ (စာရှင်းပြတိုင်းသာ သူငယ်ချင်းဖြစ်ရရင် ... အင်းးးး၊ ဝန်ခံဖို့တော့ လွယ်၏။ ဝင်ခံဖို့တော့)
အားငယ်သောအချိန်တွင်
အားပေးတတ်ပြီး ၀မ်းနည်းနေသည့် အချိန်များတွင် နှစ်သိမ့်တတ်သည်။
(လွယ်သလား ခက်သလား ရာမ)
ကိုယ်အဆင်ပြေလျှင် သူ့ကိုမေ့နေတတ်ပြီး အဆင်မပြေသောအချိန်များတွင်
ကိုယ့်ရင်ဖွင့်သမျှကို စိတ်ရှည်ရှည်ဖြင့် နားထောင်ပေးတတ်သည်။
(Spy)
ကိုယ်နှင့်အတူ ရှိနေမည့် အချိန်များက ချစ်သူတစ်ယောက်ထက်ပင်
ကြာရှည်ခိုင်မြဲတတ်သည်။
(Se, jie)
ထိုလူမျိုးကို သူငယ်ချင်း ဟုခေါ်သည်။
(နောက်ကျောကို ဓါးနဲ့ ငါ မသိအောင် ထိုးသလား - ဘိုဘို)

|