အရသာရှိတဲ့ စာ
ကြယ်စုများဆီ ခရီးနှင်လိုသော တိုးရစ်(စ)များ စိတ်ပျက်အောင် ပြောရသဖြင့် ကျွန်တော် စိတ်မကောင်းပါ။
အဲဒီ စာသားလေး ဖတ်ရတာ စိတ်ထဲ တစ်မျိုးပဲ။ မူလဆိုလိုရင်းအဓိပ္ပါယ်ကို ခဏမေ့ထားပြီး စာသားချည်းသက်သက် ဖတ်ရတာကိုပဲ စိတ်ထဲမှာ ဖတ်ရတဲ့ အရသာလေးက ကောင်းနေတယ်။
မူရင်းပြောတဲ့သူက Stephen Hawking ပါ။ ကျွန်တော်ဖတ်ရတာက ဘိုးလှိုင်နဲ့ ကိုတာ တို့ မြန်မာပြန်တဲ့ စတီဖင်ဟော့ကင်း အက်ဆေးများ ဆိုတဲ့ စာအုပ်ထဲမှာပါ။ အဲဒီစာအုပ်ထဲက တွင်းနက်နှင့် စကြဝဠာအကင်းလေးများ ဆိုတဲ့ အခန်းထဲမှာ အခြားကြယ်စုတွေဆီကို တွင်းနက်တွေကတစ်ဆင့် ခရီးသွားရင် လူတွေ ဘယ်လိုဖြစ်ကုန်မယ်ဆိုတာ ပြောရင်း အဲဒီစာသားလေးကို တွေ့တာပါ။ တွင်းနက်တွေ ၊ စကြာဝဠာတွေဆိုတာထက် ခုနက စာသားလေးကို ဖတ်ပြီး ဘာကြောင့်မှန်းမသိ ကြိုက်နေတယ်။

|