Myanmar Man's Diary
Myanmar Man's Diary ဆိုတဲ့ ဘလော့က အသစ်မဟုတ်ပါဘူး။ 7-Oct-2005, Friday ကတည်းက ဘလော့စပြီးရေးနေတဲ့ ကိုမြတ်သူရရဲ့ ဘလော့ဂ်ပါ။ အခုတော့ www.bamarlay.com (Myanmar Man's Diary) ကိုရွှေ့ပြောင်းရေးသားနေပါပြီ။ ကျွန်တော့်အနေနဲ့ ကိုမြတ်သူရရဲ့ ဘလော့ကနေ သိခဲ့ရတဲ့ web site နဲ့ ဘလော့တွေ ဆိုတာ မနည်းပါဘူး။ သူ့ရဲ့ Myanmar Website ဆိုတဲ့ Label ချည်းပဲ ၈၇ ခုရှိပါတယ်။ မြန်မာဘလော့ကောင်းကောင်းနဲ့ web site ကောင်းတွေကို ရှာရှာဖွေဖွေ ညွှန်းတတ်လို့ အမြဲသွားကြည့်ရတဲ့ ရှေးဦးမြန်မာဘလော့တစ်ခုပါ။ www.myanmar2day.com (Today In Myanmar) မှာလည်း ပူးပေါင်းပါဝင်ရေးသားနေပါတယ်လို့ သူ့ရဲ့ နဂိုမူလ myatthuya.blogspot.com ရဲ့ Annoucement မှာ ပြောထားပါတယ်။ ဒီတစ်ခါတော့ သူများကို ညွှန်းတတ်တဲ့ ကိုမြတ်သူရကို ကျွန်တော် ပြန်ညွှန်းထားလိုက်ပြီ။ :D
ဒါနဲ့ စကားမစပ် ပရော့စီကျော်တဲ့ ဆော့ဝဲလေးနဲ့ ကိုမြတ်သူရရဲ့ www.bamarlay.com ကို ဝင်ကြည့်တော့ You Are Banned. တဲ့။ နေရာတကာ ဘန်းတွေနဲ့ မလွတ်နိုင်ဘူး။ စကားစပ်လို့ PayPal လို site တွေကလည်း Sanction ဆိုပြီးဘန်းထားပါတယ်။ အပြင်ကလည်း ဘန်း၊ အတွင်းကလည်း ဘန်း။ ကြာတော့ ဘန်းမထားရင်တောင် ရိုးရိုးဘယ်လို ကြည့်ရမယ်ဆိုတာ မေ့ကုန်ပြီ။
ကိုမြတ်သူရကတော့ သူ့ဆိုက်မှာ ပရော့စီမျိုးစုံသုံးပြီး တစုံတခု မဖွယ်မရာလုပ်မှာစိုးလို့(လုပ်ခဲ့တာရှိလို့) ဒီပရော့စီကို ဘန်းထားတာ ဖြစ်မယ်လို့ ယူဆပါတယ်။

|