Blogger and Blogspot are Unbanned In Myanmar
Blogger နဲ့ Blogspot ကို ဘန်းထားရာမှ ပြန်လည် အသုံးပြုလို့ရနေတာကို တွေ့ရပါတယ်။ အခုလို အမြဲတမ်း ဖွင့်ထားပေးမယ်ဆိုရင် ကျွန်တော်တို့လို နည်းပညာ၊ အတွေးအခေါ်၊ ဗဟုသုတ၊ အနုပညာ စသည်တို့ကို မျှဝေချင်တဲ့သူတွေ၊ လေ့လာဆည်းပူးချင်တဲ့သူတွေ အတွက် အတိုင်းမသိ ဝမ်းသာကျေးဇူးတင်စရာ ကောင်းပါတယ်။ နိုင်ငံတကာစီးပွားရေး၊ ပညာရေးစတဲ့ နယ်ပယ် အသီးသီးမှာ မြန်မာလူငယ်များ ထိုးဖောက်ဖို့အတွက် ကျွန်တော်တို့မှာ လေ့လာစရာ၊ သင်ယူစရာတွေ အများကြီး ရှိပါတယ်။ ဒါတွေကို blog တွေက အများဆုံး ဖြည့်ဆည်းပေးနိုင်ပါတယ်။ နိုင်ငံတကာမှာဆိုရင်လည်း နိုင်ငံ့ခေါင်းဆောင်တွေက အစ ပြည်သူတွေနဲ့ အမြန်ဆုံး ထိရောက်စွာ ဆက်သွယ်နိုင်ဖို့ blog တွေ ဖွင့်ပြီး အပြန်အလှန် ပြောဆိုရေးသားကြတာတွေ ရှိပါတယ်။ (ဥပမာ= မလေးရှားဝန်ကြီးချုပ် Mahatir ရဲ့ Blog )
အခုလို www.blogger.com နဲ့ blogspot တွေကို ပိတ်ဆို့မှုမှ ပြန်ဖွင့်ပေးလိုက်တာ ကိုညီလင်းဆက်ပြောသလို အားလုံးအတွက် တိုးတက်မှုတစ်ခုပါပဲခင်ဗျာ။
အခုလို www.blogger.com နဲ့ blogspot တွေကို ပိတ်ဆို့မှုမှ ပြန်ဖွင့်ပေးလိုက်တာ ကိုညီလင်းဆက်ပြောသလို အားလုံးအတွက် တိုးတက်မှုတစ်ခုပါပဲခင်ဗျာ။



|